top of page
ပူးတွဲ(၂).png
PDF Flag.JPG

ပြည်သူ့ကာကွယ်ရေးတပ်မတော်

အမှတ် (၁) အထူးတပ်ရင်း

ပူးတွဲ (၁).png

ကျွန်ုပ်တို့အကြောင်း

၁။ တပ်ရင်းဖြစ်တည်လာပုံ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန်၊ ပြည်သူ့ဆန္ဒနှင့်အညီ ဒီမိုကရေစီ ပြန်လည်ထူထောင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) သည် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုဖွဲစည်းကြောင်း ကြေညာခဲ့သည်။  အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter) အပေါ် အခြေခံသည့် တရားဝင်မှုဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၁ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People's Defence Force - PDF) ကို စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ခုခံတွန်းလှန်စစ်ကို စနစ်တကျ ဖော်ဆောင်ရန်အတွက် PDF လက်အောက်ခံ ကာကွယ်ရေးတပ်ရင်းတစ်ရင်းအဖြစ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

၂။ ကွပ်ကဲမှုနှင့် လှုပ်ရှားမှုများ

အမှတ် (၁) အထူးတပ်ရင်း No.(1) Special Regiment - SR1 သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (People's Defence Force - PDF)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကွပ်ကဲမှုအောက်ရှိ အထူးတပ်ရင်းတစ်ရင်း ဖြစ်ပါသည်။ တော်လှန်ရေးကာလဦး၌ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထံတွင် စစ်ပညာသင်ကြားခဲ့သော ရဲဘော်များဖြင့် စတင်စုဖွဲ့ခဲ့ပြီး မြန်မာပြည်အထက်ပိုင်းတွင် စည်းရုံးရေးလုပ်ငန်းများ၊ စစ်ရေးလှုပ်ရှားမှုများ  နှင့် မြို့သိမ်း စစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စံပြုလုပ်ထုံးလုပ်နည်းများ (SOP)၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ (Code of Conduct) နှင့်အညီ လိုက်နာ ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်ထားသော သစ္စာအဓိဌာန် လေးချက်အား ဦးထိပ်ပန်ဆင်၍ ဖက်ဒရယ် ဒီမိုကရေစီပေါ်ပေါက်ရေး လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။

လုပ်ဆောင်ချက်များ

Read More

နွေဦးတော်လှန်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊

အမှတ် (၁) အထူးတပ်ရင်းတွင် တာဝန်ထမ်းဆောင်ရင်း အသက်ကို ရဲဝံ့စွာ ပေးဆပ်ခဲ့ကြသော

အာဇာနည် သူရဲကောင်းများ

သက်လွင်ဦး

သက်လွင်ဦး

ဇော်ထိုက်

ဇော်ထိုက်

မြင့်သိန်း

မြင့်သိန်း

ဇင်မျိုးဦး

ဇင်မျိုးဦး

ကျော်သူရ

ကျော်သူရ

ခိုင်မင်းထွန်း

ခိုင်မင်းထွန်း

"သင်တို့တတွေ အိမ်ပြန်ရောက်တဲ့အခါ

ငါတို့အကြောင်းကိုပြောပြပါ

သင်တို့ရဲ့မနက်ဖြန်အတွက်

ငါတို့ရဲ့ယနေ့ကို ပေးဆပ်ခဲ့ပါတယ်"

Gemini_Generated_Image_h4j68zh4j68zh4j6.jpg

ထောက်ပံ့ရန်

SDB

sdb account.jpg

@specialregiment1

NUG Pay

NUG pay.png

mywanna*nugpay.app

သင်၏ ကူညီထောက်ပံ့မှုသည် တိုက်ပွဲဝင် ရဲဘော်များအတွက် ရုပ်ဝတ္ထုပစ္စည်းတစ်ခုသာ မဟုတ်ဘဲ "ငါတို့နောက်မှာ ပြည်သူရှိတယ်" ဆိုသည့် စိတ်ခွန်အားကိုပါ ပေးစွမ်းနိုင်ခြင်း ဖြစ်ပါသည်။

တော်လှန်ရေးအောင်ပွဲသို့ အတူတကွ ချီတက်ကြပါစို့။

ဆက်သွယ်ရန်

Telegram:

+66 0800940705

Signal:

+66 0800940705

SR1 Logo.png
bottom of page