top of page


၂၀၂၄ ခုနှစ် SR1 ၏ ဒေသတွင်း ဖလား အောင်ပွဲ
၂၀၂၄ ခုနှစ်တုန်းက ဒေသတွင်း ဖိတ်ခေါ်ဖလား ပြိုင်ပွဲတစ်ခုမှာ ရရှိခဲ့တဲ့ အောင်ပွဲခံ အခိုက်အတန့်လေးဟာ ကျနော်တို့အတွက် ဘယ်တော့မှ မမေ့နိုင်စရာ အမှတ်တရတစ်ခု၊ မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။ အောင်လံဖလားကြီးကို ဝိုင်းဝန်း မြှောက်ချီလိုက်ချိန် အားလုံးရဲ့ မျက်နှာထက်က ပျော်ရွှင်မှုနဲ့ ဂုဏ်ယူမှုတွေဟာ စကားလုံးတွေနဲ့ ဖော်ပြဖို့ ခက်ပါတယ်။ ဒီအောင်မြင်မှုဟာ ကွင်းအတွင်းက ခြေစွမ်းတစ်ခုတည်းကြောင့် ရလာတာတော့ မဟုတ်ပါဘူး။ ကျနော်တို့ အားလုံးရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ စည်းလုံးညီညွတ်ခြင်း၊ တစ်ယောက်ကို
Jul 7


လူထု စည်းရုံးရေးနှင့် စစ်ဖက်-အရပ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ
ပြည်သူလူထုမှ ပေါက်ဖွားလာသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အဓိကတာဝန်သည် ပြည်သူ့အသက်အိုးအိမ် စည်းစိမ်အား ကာကွယ်စောင့်ရှောက်ရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရန် ဖြစ်သည်။ ပြည်သူ့စစ် မဟာဗျူဟာအောက်တွင် ပြည်သူအား အခြေပြုသည့် ကာကွယ်ရေး တပ်မတော်တစ်ရပ်အတွက် စည်းရုံးရေးသည် အသက်သွေးကြောတမျှဖြစ်သည်။ လက်ဝဲသုန္ဒရ အမတ်ကြီးရေးသားသော နန္ဒိသေနပျို့တွင် "စစ်နည်းဗျူဟာ ၊ ဘယ်လိုသာလည်း စွဲကိုင်လက်နက် ၊ ဘယ်လိုထက်လည်း ပြည်သူ့နှလုံး ၊ မသိမ်းကြုံးလျှင် ပြည်သူ့အင်အား ၊ မလေးစားလျှင် ဓားသွားလည်းကြွေ ၊ လှံလည်း
Jun 30


အမှတ် (၁) အထူးတပ်ရင်း (SR-1) ၏ (၄) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား
၁။ ယနေ့ကျရောက်သော ဒီဇင်ဘာ၂၅ ရက်၊ ၂၀၂၅ ခုနှစ်သည် အမှတ် (၁) အထူးတပ်ရင်း (SR-1) ၏ တပ်တည်ထောင်ခြင်း (၄) နှစ်ပြည့် နှစ်ပါတ်လည်နေ့ ဖြစ်ပါသည်။ ၂။ တပ်တည်ထောင်ခဲ့သည့် အစောပိုင်းကာလများတွင် လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်း၊ စားနပ်ရိက္ခာ၊ စစ်ဝတ်တန်ဆာမပြည့်စုံခြင်းနှင့် အခက်အခဲပေါင်းများစွာကို ရဲဘော်ရဲဘက်များ၏ သတ္တိ၊ ယုံကြည်ချက်နှင့် စည်းလုံးညီညွတ်မှုတို့ဖြင့် ရင်ဆိုင်ခဲ့ကြပါသည်။ ၃။ တပ်ရင်းစတည်ထောင်သည်မှစ၍ ယခုအထိ ဆက်လက်ရပ်တည် တိုက်ပွဲဝင်နိုင်သည်မှာ ရဲဘော်ရဲဘက်များ၏ စွန့်လွှတ်စွန့်စား အနစ်န
Jun 27


အဓိပ္ပါယ်ဖွင့်ဆိုချက်မဆန်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်
ကျနော်တို့ တပ်ရင်းမှာက လူငယ်တွေ များပါတယ်။ ဘယ်အရာကိုမဆို သွေးတိုးစမ်းပစ်ချင်ကြတဲ့ လူငယ်တွေပေါ့။ မရင့်ကျက်မှုတွေနဲ့ စတင်ခဲ့ပြီး တော်လှန်ရေးရဲ့ သွန်သင်ဆုံးမမှုကိုခံယူရင်း လူကြီးဖြစ်ဖြစ်လာကြတဲ့ လူငယ်တွေ။ လူငယ်တွေဆိုတော့ ကျနော်တို့တွေက ဘယ်အရာကိုမဆို သွေးတိုးစမ်းပြီး လုပ်ဆောင်ချင်ကြတယ်။ အဲလို လုပ်ဆောင်မှုတွေထဲမှာ ရှေ့ကိုရောက်သွားတာတွေလည်းရှိသလို မရောက်တာတွေလည်းရှိတယ်။ အဲဒီထဲမှာမှ ရှေ့ကိုရောက်ခဲ့တဲ့ အရာတွေထဲက တစ်ခုကို ပြောပါဆိုရင်တော့ ကျနော်တို့ရဲ့ ဘတ်တံဆိပ်ပါပဲ။ ကျနော်တို့ရဲ့ ဘတ်တ
Jun 26
လုပ်ဆောင်ချက်များ
bottom of page
.png)