၂၀၂၄ ခုနှစ် SR1 ၏ ဒေသတွင်း ဖလား အောင်ပွဲ
- Jul 7
- 1 min read
၂၀၂၄ ခုနှစ်တုန်းက ဒေသတွင်း ဖိတ်ခေါ်ဖလား ပြိုင်ပွဲတစ်ခုမှာ ရရှိခဲ့တဲ့ အောင်ပွဲခံ အခိုက်အတန့်လေးဟာ ကျနော်တို့အတွက် ဘယ်တော့မှ မမေ့နိုင်စရာ အမှတ်တရတစ်ခု၊ မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။ အောင်လံဖလားကြီးကို ဝိုင်းဝန်း မြှောက်ချီလိုက်ချိန် အားလုံးရဲ့ မျက်နှာထက်က ပျော်ရွှင်မှုနဲ့ ဂုဏ်ယူမှုတွေဟာ စကားလုံးတွေနဲ့ ဖော်ပြဖို့ ခက်ပါတယ်။
ဒီအောင်မြင်မှုဟာ ကွင်းအတွင်းက ခြေစွမ်းတစ်ခုတည်းကြောင့် ရလာတာတော့ မဟုတ်ပါဘူး။ ကျနော်တို့ အားလုံးရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ စည်းလုံးညီညွတ်ခြင်း၊ တစ်ယောက်ကို တစ်ယောက် ယုံကြည်ဖေးမကြတဲ့ ညီရင်းအစ်ကိုပမာ ချစ်ကြည်မှု နဲ့ ခိုင်မာတဲ့ သွေးစည်းမှု တို့ရဲ့ အသီးအပွင့်ပဲ ဖြစ်ပါတယ်။
အတူတူ ချွေးထွက်ခံ၊ ပင်ပန်းခံပြီး၊ နေ့စဉ် PT ပြေး၊ Training ဆင်းပြီး ပန်းတိုင်တစ်ခုတည်းဆီ သွားခဲ့ကြတဲ့ ဒီစိတ်ဓာတ်ဟာ ဘောလုံးကွင်းထဲမှာသာမကဘဲ တပ်ရင်းရဲ့ နေ့စဉ်ပခုံးပြောင်း တာဝန်ထမ်းဆောင်မှုတွေမှာပါ အမြဲတမ်း ရှင်သန်နေခဲ့တဲ့၊ ရှင်သန်နေဆဲဖြစ်တဲ့ တွန်းအားတစ်ခု ဖြစ်ပါတယ်။
အလုပ်တာဝန်နဲ့ စိန်ခေါ်မှုတွေ ဘယ်လောက်ပဲ ကြီးမားပါစေ၊ ဒီပုံလေးထဲကလို တစ်သားတည်း ရှိနေတဲ့ ညီညွတ်မှု အင်အားနဲ့သာ ဆိုရင် ရှေ့ဆက်ရမယ့် ခရီးတိုင်းကို ကျနော်တို့ အတူတကွ အောင်မြင်စွာ ကျော်ဖြတ်နိုင်မယ်ဆိုတာ အပြည့်အဝ ယုံကြည်ပါတယ်။
စည်းလုံးခြင်းသည်သာ အင်အားပါ။

.png)



ဒီပုံလေးကို တအားကြိုက်တယ်။ ❤️